International News

Sharp ကော်ပိုရေးရှင်းသည် ၎င်း၏ ပထမဦးဆုံးသော 5G smartphone model ကို ထုတ်ပြန်ကြေငြာခဲ့

Last Updated:

ဂျပန်နိုင်ငံမှ Sharp ကော်ပိုရေးရှင်းသည် မတ်လတွင် စတင်မည့် ultrafast network service ၏ ကနဦးခြေလှမ်းအဖြစ် ၎င်း၏ ပထမဦးဆုံး 5G smartphone model ကို ထုတ်ပြန်ကြေငြာခဲ့ပါသည်။

လွန်ခဲ့သည့် သုံးနှစ်တာကာလအတွင်း ဂျပန်၏ Android စနစ်သုံးစမတ်ဖုန်းများ ထုတ်လုပ်မှုတွင် ထိပ်တန်းဖြစ်နေသည့် အိုဆာကာအခြေစိုက် Sharp အီလက် ထရောနစ်ကုမ္ပဏီက ဂျပန်နိုင်ငံ၏ ပထမဦးဆုံးသော 5G-ready smartphone ကို တီထွင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပါသည်။

Sharp မှ အရာရှိများက လက်ရှိ ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုသည့် ၎င်းတို့၏ ထုတ်လုပ်မှုကွင်းဆက်နှင့် ထုတ်လုပ်မှုတို့ကို ရုတ်ချည်း အကျိုးသက်ရောက်မှုဖြစ်နိုင်ဖွယ် မရှိကြောင်း၊ သို့သော် ထိုရောဂါဖြစ်ပွားမှုတာရှည်မည်ဆိုပါက အကျိုးဆက်အပေါ် စောင့်ကြည့်သုံးသပ်ရန် လိုအပ်မည် ဖြစ်ကြောင်းဆိုပါသည်။

ထိုကုန်ပစ္စည်းအသစ်နှင့်ပတ်သက်၍ တိုကျိုမြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ယခုထုတ်လုပ်လိုက်သည့် the Aquos R5G စမတ်ဖုန်းသည် 4G network ထက် အဆ ၁၀၀ ခန့်သာလွန်သည့် 5G အင်တာနက်အမြန်နှုန်း၏ အားသာချက်ကို အခြေခံထုတ်လုပ်ထားခြင်းဖြစ် ပါသည်။

Sharp ကော်ပိုရေးရှင်း၏  personal communications system business unit မှ အထွေထွေမန်နေဂျာ Mr. Shige Kobayashi က ယခု တီထွင်ထုတ်လုပ်လိုက် သည့် စမတ်ဖုန်းအမျိုးအစားအသစ်တွင် ကင်မရာ ၄ ခုကို အသုံးပြုထားသည့် စနစ်ပါဝင်ပြီး 8K quality ဖြင့် ရုပ်ပုံများနှင့် ဗွီဒီယိုများ ရိုက်ကူးနိုင်မည်ဟု ပြောကြား ခဲ့ပါသည်။  

 

(မြန်မာစီးပွားရေးသံမှူး၊ ဂျပန်နိုင်ငံ)

ရင်းမြစ်။ The Japan Times, The Asahi Shimbun, Kyodo News.

Category: International News